ဒီပုံလေးကို Google ကနေ သူငယ်ချင်း ၀လုံး ရှာပေးထားတာပါ...
အရိပ်မဲ့ လမ်းခွဲ
လျှောက်ခဲ့မိတာ
မရေရာတဲ့ လမ်းကလေးမှာပါ
ဒီ လမ်းကလေးရဲ့ 
လမ်းဘေးဝဲယာမှာဖြင့်
မပိုင်ပွင့်တွေက
လေသင့်ရာလည်း မွှေးလို့ 
ကြွေလွင့်ရာလည်း ဖွေးလို့ 
အရေးရှိကာမှ ပြေးကြည့်လိုက်တော့
ကိုယ်တစ်ယောက်တည်းလေ....။
ကိုယ်ပေးခဲ့တာ အချစ်ပါ
သူတုန့် ပြန်တာ အတ္တဆိုတော့
ကမ္ဘာကြီး လုံးတယ်ဆိုတာ
သေကော သေချာရဲ့ လားကွယ်...။
မစွန့် လွှတ်ချင်တာနဲ့ 
ခွင့်လွှတ်ရတာလည်း များရဲ့ 
အားငယ်သမျှ
နားလည်ရတာလည်း များခဲ့ရဲ့ ...။
ချစ်သင့် ချစ်ထိုက်တာပယ်
ဖြစ်သင့် ဖြစ်ထိုက်တာကို ဖယ်နဲ့ 
မလွယ်တဲ့ ပုစ္ဆာကိုရွေး
`သုံး´ မြင်တာတောင် `လေး´ လို့ မှတ်
ကိုယ့်ကြိုးကို ကိုယ်ဆွဲ
ရုပ်သေးတစ်ရုပ် ဖြစ်မှန်း မသိ
ဖြစ်ခဲ့ပြီ.....။
ဟင်
ရှေ့ မှာ
ရှေ့ မှာ
ရှေ့ မှာ
လမ်းခွဲ
ရှေ့ မှာ လမ်းခွဲ ရှိနေတာပါလား....။
သတိုး
ကဗျာလေးတွေ ရေးတုန်း အထက်တန်း ကျောင်းသား ဘ၀တုန်းက အဖြစ်လေးတွေ သတိရမိသေးသည်။အထက်တန်းကျောင်းသားဘ၀ ကျွန်တော်မှာ သူငယ်ချင်း ၆ ယောက်ရှိခဲ့တယ်...။အကုန်လုံးကို ကျွန်တော် ရည်စားစာ ကူရေးပေးဖူးတယ်...။အထင် စမကြီးလိုက်နဲ့ နော်..အဲဒီ အဖြစ်အပျက်ကို ပြောပြချင်လွန်းလို့ ... :P ။သူငယ်ချင်း (၆) ယောက်မှာ ၃ ယောက်လောက်က သူတို့ ကြိုက်တဲ့ ကောင်မလေးတွေကို ကျွန်တော် ရေးပေးလိုက်တဲ့ ရည်းစားစာ နဲ့ ကဗျာလေးတွေ ပေးကြတယ်...။ကျွန်တော်က ပျော်သည်ပေါ့...။ အရမ်းချစ်တဲ့ သူငယ်ချင်းတွေကို ကူညီခွင့် ရခဲ့တာဆိုပြီး....။ သူတို့ ချစ်တဲ့ ကောင်မလေးတွေ ဆီကနေ ပြန်လာတဲ့ သူငယ်ချင်း မျက်နှာလေးတွေ ကြည့်ပြီး အဆင်ပြေလား ဘာလားပေါ့..။ကျွန်တော်မှာ မေးလိုက်ရတာအမော...။ဆရာသမားတွေက အဲဒီကတည်းက ကဗျာ၊ရည်းစားစာမရေးနဲ့ တော့ဆိုပြီး ကျနော်ကို ၀ိုင်းဝန်း ဩဘာပေးကြတာ...။ကျနော်ရေးပေးလိုက်တဲ့ ကဗျာနဲ့ ရည်းစားစာလေးတွေ ကြောင့်ပဲ...ဒီကောင်တွေ မချစ်ရသေးခင် အသည်းကွဲ သွားကြတာ...ကျနော်က အဲဒီတုန်းကတည်းက ကဗျာရေး အရမ်းတော်တာ..အဟိ...။




