အရိပ်မဲ့ လမ်းခွဲ






ဒီပုံလေးကို Google ကနေ သူငယ်ချင်း ၀လုံး ရှာပေးထားတာပါ...



အရိပ်မဲ့ လမ်းခွဲ


လျှောက်ခဲ့မိတာ
မရေရာတဲ့ လမ်းကလေးမှာပါ
ဒီ လမ်းကလေးရဲ့ 
လမ်းဘေးဝဲယာမှာဖြင့်
မပိုင်ပွင့်တွေက
လေသင့်ရာလည်း မွှေးလို့ 
ကြွေလွင့်ရာလည်း ဖွေးလို့ 
အရေးရှိကာမှ ပြေးကြည့်လိုက်တော့
ကိုယ်တစ်ယောက်တည်းလေ....။

ကိုယ်ပေးခဲ့တာ အချစ်ပါ
သူတုန့် ပြန်တာ အတ္တဆိုတော့
ကမ္ဘာကြီး လုံးတယ်ဆိုတာ
သေကော သေချာရဲ့ လားကွယ်...။

မစွန့် လွှတ်ချင်တာနဲ့ 
ခွင့်လွှတ်ရတာလည်း များရဲ့ 
အားငယ်သမျှ
နားလည်ရတာလည်း များခဲ့ရဲ့ ...။

ချစ်သင့် ချစ်ထိုက်တာပယ်
ဖြစ်သင့် ဖြစ်ထိုက်တာကို ဖယ်နဲ့ 
မလွယ်တဲ့ ပုစ္ဆာကိုရွေး
`သုံး´ မြင်တာတောင် `လေး´ လို့ မှတ်
ကိုယ့်ကြိုးကို ကိုယ်ဆွဲ
ရုပ်သေးတစ်ရုပ် ဖြစ်မှန်း မသိ
ဖြစ်ခဲ့ပြီ.....။
ဟင်
ရှေ့ မှာ
ရှေ့ မှာ
ရှေ့ မှာ
လမ်းခွဲ
ရှေ့ မှာ လမ်းခွဲ ရှိနေတာပါလား....။

သတိုး


ကဗျာလေးတွေ ရေးတုန်း အထက်တန်း ကျောင်းသား ဘ၀တုန်းက အဖြစ်လေးတွေ သတိရမိသေးသည်။အထက်တန်းကျောင်းသားဘ၀ ကျွန်တော်မှာ သူငယ်ချင်း ၆ ယောက်ရှိခဲ့တယ်...။အကုန်လုံးကို ကျွန်တော် ရည်စားစာ ကူရေးပေးဖူးတယ်...။အထင် စမကြီးလိုက်နဲ့ နော်..အဲဒီ အဖြစ်အပျက်ကို ပြောပြချင်လွန်းလို့ ... :P ။သူငယ်ချင်း (၆) ယောက်မှာ ၃ ယောက်လောက်က သူတို့ ကြိုက်တဲ့ ကောင်မလေးတွေကို ကျွန်တော် ရေးပေးလိုက်တဲ့ ရည်းစားစာ နဲ့ ကဗျာလေးတွေ ပေးကြတယ်...။ကျွန်တော်က ပျော်သည်ပေါ့...။ အရမ်းချစ်တဲ့ သူငယ်ချင်းတွေကို ကူညီခွင့် ရခဲ့တာဆိုပြီး....။ သူတို့ ချစ်တဲ့ ကောင်မလေးတွေ ဆီကနေ ပြန်လာတဲ့ သူငယ်ချင်း မျက်နှာလေးတွေ ကြည့်ပြီး အဆင်ပြေလား ဘာလားပေါ့..။ကျွန်တော်မှာ မေးလိုက်ရတာအမော...။ဆရာသမားတွေက အဲဒီကတည်းက ကဗျာ၊ရည်းစားစာမရေးနဲ့ တော့ဆိုပြီး ကျနော်ကို ၀ိုင်းဝန်း ဩဘာပေးကြတာ...။ကျနော်ရေးပေးလိုက်တဲ့ ကဗျာနဲ့ ရည်းစားစာလေးတွေ ကြောင့်ပဲ...ဒီကောင်တွေ မချစ်ရသေးခင် အသည်းကွဲ သွားကြတာ...ကျနော်က အဲဒီတုန်းကတည်းက ကဗျာရေး အရမ်းတော်တာ..အဟိ...။

13 Responses to "အရိပ်မဲ့ လမ်းခွဲ"

ဖိုးဂျယ် says
February 8, 2009 8:04 AM

မစွန့် လွှတ်ချင်တာနဲ့ 
ခွင့်လွှတ်ရတာလည်း များရဲ့
အားငယ်သမျှ
နားလည်ရတာလည်း များခဲ့ရဲ့...။
အဲ့ အပိုဒ်လေး ကြိုက်တယ် သယ်ရင်း
ချစ်လွန်းလို့ အရှုံးပေးနေရပုံလေး မြင်ယောင်တယ်။

မောင်မျိုး says
February 8, 2009 9:13 AM

ဘယ်လိုပဲ လမ်းခွဲခွဲ မှတ်တိုင်တူရင်တော့ ပြန်ဆုံမှာပဲ အစ်ကိုရေ့ ကြိုးစားထား ။

ပုလဲ says
February 8, 2009 9:31 AM

-မစွန့် လွှတ်ချင်တာနဲ့ 
ခွင့်လွှတ်ရတာလည်း များရဲ့ 
အားငယ်သမျှ
နားလည်ရတာလည်း များခဲ့ရဲ့ ...။-

ဒီအပိုဒ်လေးကို နှစ်သက်မိတယ်း)
ကိုသတိုးနဲ့ သူငယ်ချင်း ၆ယောက်အကြောင်းလေးပါဖတ်သွားတယ်

ဝါ၀ါခိုင်မင်း says
February 8, 2009 5:44 PM

ရှေ့မှာ.... လမ်းခွဲ...

ကြိုးစားထားပါ မောင်သတိုးရေ...

မောင်မျိုးပြောသလို မှတ်တိုင်တူရင်တော့ ဆုံနိုင်မှာပါ။

အဆွေးကဗျာတွေကြီးပဲ ဖတ်နေရတာ ညီမလေးတော့
မသိဘူး၊ အစ်မတော့ စိတ်ညစ်လာပြီ.. ဘုန်းကြီးမြန်
မြန်သာဝတ်တော့.. ကုသိုလ်ရတယ်။ :P

နန်းညီ says
February 9, 2009 9:04 AM

ပေးတာကအချစ် ပြန်ရတော့အတ္တ..တဲ့လား
ကမ္ဘာကြီးလုံးတယ်ဆိုတာလည်း တကယ်တော့ မသေချာပါဘူး ကိုသတိုးရေ

ကောင်းကင်ပြာ says
February 9, 2009 11:07 AM

လမ်းခွဲရှိတယ်၊၊သတိထားပါ

thinzar says
February 9, 2009 3:30 PM

ကိုယ်ကအချစ်ပေးပေမယ့် အတ္တတွေပဲ ပြန်ရတတ်တာ...
မစွန့်လွှတ်ချင်တာကြောင့်လည်း ခွင့်လွှတ်ပေးရတာပဲ..
ဖြစ်သင့်တာကြောင့် ဖြစ်ချင်တာတွေနဲ့ ဝေးခဲ့ရတာပဲ..

အရုပ်ကလေး says
February 10, 2009 6:35 PM

ကဗျာလေး ကောင်းတယ် ..။
စာသားလေးတွေက ထိရောက်မှုကို ပေးစွမ်းတယ် ..။
ဆက်လက် ရေးဖွဲ့နိုင်ပါစေ

Golden Cloud says
February 11, 2009 9:45 AM

လမ်းခွဲ 2 ဆိုတော့ ဖြူ2ကျော်သိန်းရဲ့ လမ်းခွဲများလားလို့
နောက်တာနော်
ပြန်ဆုံနိုင်ပါစေ

ကောင်လေး says
February 12, 2009 4:41 AM

ကဗျာ လေး က မိုက်တယ်ဗျာ..။ဘာတဲ...ပေးလိုက်တာ အချစ် ရလိုက်တာ အတ္တ တဲ့ မှန်လိုက်တာဗျာ..။ ကွက်တိဘဲ..။

My Diary says
February 19, 2009 8:29 AM

အရိပ်မဲ့လမ်းခွဲ
ကိုယ်ပေးခဲ့တာ အချစ်ပါ
သူတုန့် ပြန်တာ အတ္တဆိုတော့ ....
(တိုက်ဆိုင်သလားလို့)
လမ်းခွဲပြီးရင် တစ်ချိန်2တော့ ပြန်ဆုံမှာပါ ။

နန်းညီ says
March 16, 2009 10:38 AM

ဆောတီး စီပုံးမမြင်လို့ ဒီမှာရေးသွားမယ်.. မွေးနေ့လာဖိတ်တာ ကိုသတိုးရေ ကြွခဲ့ဦးနော့

ဇော် says
June 8, 2009 10:03 AM

ကိုတိုးကြီး
ကောင်းလိုက်တာဗျာ။
ခံစားသွားရတယ်။