နောက်ဆုံးကဗျာသံစဉ်
ကောင်မလေးရယ်...
မင်းနှင့် တွေ့ လျင်
စိုးထိတ် အစဉ်
ငါဧ။် ရင်မှာ
ကြောက်ရွံ့ တွေဝေ
နှလုံး ကြွေကာ
ချစ်ခွင့် မပန်
မြိုသိပ် ချန်ကာ
ကောင်မလေးရယ်...
မင်းနှင့် တွေ့ လျင်
စိုးထိတ် အစဉ်
ငါဧ။် ရင်မှာ
ကြောက်ရွံ့ တွေဝေ
နှလုံး ကြွေကာ
ချစ်ခွင့် မပန်
မြိုသိပ် ချန်ကာ
ခေါင်းငုံ့ လှည့်ပြန်ခဲ့သူပါ...။
ဆောင်တော် အကူး
တေးသံ မြူးမှာ
တံခါး ၀ှက်ကြား
ဖွဖွ လှမ်းလာ
ဆံစ တစ်မျှင်
မတွေ့ မြင်အောင်
တိမ်းရှောင် လို့ ပုန်း
တေးသွား အလွင့်
နားသံ စွင့်၍
နှစ်ခြိုက် လိုက်ဆို
မိန်းမပျိုလေးရေ...။
ငါဧ။် ရင်တွင်
ကမ္မည်းထိုးမည့်
သစ္စာ အကြင်နာ
ချစ် အလင်္ကာကို
သင် မကြားသော်ငြား
နောက်ကျ စကား
ငါ့အမှားထား၍
လွင့်ကြွေ မျက်ရည်
နှုတ်ဆိတ် ဖယ်ကာ
တိတ်တဆိတ် နားထောင်ပေးခဲ့ပါ...။
`ငါ မင်းကို တကယ် မြတ်မြတ်နိုးနိုး ချစ်ခဲ့ပါတယ် မိန်းကလေးရယ်...´
ဒီကဗျာလေးကို `ရွံ့ ´ ဆိုတဲ့ မြန်မာဗွီဒီယို ဇာတ်လမ်းကို ကြည့်ပြီး ကြွေကွဲ ဖွဲ့ ဆိုထားခြင်းပါ....။ဇာတ်လမ်းလေး ဆိုပေမယ့် အပြင်မှာတကယ်ဖြစ်ပျက်ခဲ့သလိုပါဘဲ...။ကောင်မလေး အသက်ရှင်လျက် ရှိစဉ်တုန်းက ချစ်ခွင့် မပန်၊ စိုးထိတ်ခဲ့ကာ သရဲ ဘောကြောင်ခဲ့တဲ့... ကောင်လေးတစ်ယောက်ရဲ့ အဖြစ်ပျက်လေးပါ...။ကောင်မလေး အသက်ရှင်လျက် မရှိတော့မှ သူတကယ်ချစ်ခင်မြတ်နိုးခဲ့ကြောင်း ပြောဆိုနေလို့ ဘာထူးမှာလဲ ဗျာ...။ယောက်ျားလေးတွေအနေနဲ့  မိမိတကယ်ချစ်ခင်မြတ်နိုးသော ချစ်သူအပေါ် ဖွင့်ဟ ပြောဆိုလိုက်ဖို့ ဝန်မလေးလိုက်ပါနဲ့ ...။ ချစ်ခွင့် ပေးတာ မပေးတာ သင်ချစ်သူဆုံးဖြတ်ချက်အပိုင်းပါ...။သင်သာ ဖွင့်ပြောလိုက်ဖို့ အားအင်တွေ မွေးလိုက်ပါ...။နောင်တာ ဆိုတာ နောင်မှ ရသလို နောင်တတွေ တစ်သီကြီးနဲ့  တိတ်တဆိတ် ထွေးပိုက်မထားချင်ပါနဲ့ ...။သင်ချစ်သော သင်ဧ။် ချစ်သူကို သင် ဘယ်လောက်ချစ်ခဲ့တယ်ဆိုတာ ဒီဘ၀မှာ သူသိခဲ့ပါစေ.....။ချစ်သောသူနှင့် ကွေကွင်းရခြင်းမှ ကင်းဝေးကြပါစေ...။
လာရောက်လည်ပတ်ကြသော သူငယ်ချင်း၊ညီအစ်ကို၊မောင်နှမများအား အစဉ်လေးစားလျက်
သတိုး
လာရောက်လည်ပတ်ကြသော သူငယ်ချင်း၊ညီအစ်ကို၊မောင်နှမများအား အစဉ်လေးစားလျက်
သတိုး

13 Responses to "နောက်ဆုံး ကဗျာသံစဉ်"
February 1, 2009 10:21 AM
ကောင်းတယ်ကွ အဲ့လို လေးလုံးစပ်ပုံစံလေးရေးတတ်သားပဲ
ငါကတော့ မရေးတတ်ဘူး ပိန်းလို့
မင်းရောဖွင့်မပြောသေးဘူးလားကွ
တော်ကြာပါသွားမယ်နော်
February 1, 2009 12:15 PM
ဇာတ်လမ်းကိုကြည့်ပြီးခံစားထားပေမယ့်
ရင်နဲ့ခံစားထားတဲ့အတိုင်းဘဲ...
February 1, 2009 12:26 PM
တယ်ဆိုတဲ့စာပါလား..
ကောင်းပါ၏ ကောင်းပါ၏
ရေးတော့သာဖွင့်ပြောဖို့
သူကျသတ္တိရှိတာလိုက်လို့
:P
February 1, 2009 12:28 PM
ကဗျာထက် အောက်က အညွှန်းက ပိုကောင်းတယ်
စာရေးတာ ပိုကောင်းတယ်
February 1, 2009 1:13 PM
ကျေးဇူးပါပဲဗျာ...လာရောက်လည်ပတ်သူအားလုံးကိုပါ..
ငဂျယ် ငါလည်း ဖွင့်ပြောမလို့ လုပ်နေတာ.ဟိဟိ..ဖြစ်သေးပါဘူးကွယ်..
အော် ကိုယ်မစွံ့ သော်
သူများစွံက
ငါရဲ့ ရင်မှာ
ဝမ်းသာပီတိ
ဂွမ်း ဆီထိသလိုပါပဲ... ညီတွန်လေးရေ..
သူများကိုပဲ မြှောက်ပေးတတ်တာ..ဟဲဟဲ
အစ်မအိပ်မက်နိဒါန်းရေ...ဇာတ်လမ်းကိုစကြည့်တုန်းကတော့ ပျော်စရာကောင်းသလောက်..နောက်ဆုံး ဇတ်သိမ်းလေးကို ရင်ကိုပါ လှုတ်ခတ်သွားစေခဲ့တယ်ဆိုခဲ့ပါတယ်..အစ်မရေ..
အစ်မအေးမြတ်မြတ်ကိုရေ..
အဟဲ
အညွှန်းကတော့ သိတဲ့အတိုင်းပဲ..အဟိ
လျက်ဆားရောင်းဖူးတယ်လေ...သားသားက..နောက်တာ.. :P
February 1, 2009 1:16 PM
မကြည့်ဘူးဝူး.................
ဗမာကားနဲ့ဝေးနေတာကြာပေါ့.. ဒေါင်းကြည့်ရအောင် ဒီကနက်က လိပ်ဘိုးအေ
ဘာပဲဖြစ်ဖြစ် ကဗျာကိုသေချာခံစားသွားပါတယ်...ဒါမျိုးဆို အသဲကနုတော့ သိပ်တော့ခံစားရဲဘူးးး ( ကြော်ငြာဝင်တာ အဟီးးးးးးးး )
February 1, 2009 1:44 PM
ဟယ်.... သနားပါတယ်.....။
လျှို့ဝှက်တတ်တဲ့အကျင့်ဆိုးလေးကြောင့်ပေါ့....။
February 1, 2009 2:07 PM
သတိုးလဲ ချစ်သောသူနဲ့ ကွေကွင်းရခြင်း ကင်းပါစေလို့ ဆုတောင်းပေးသွားတယ်
February 1, 2009 2:19 PM
ချစ်သောသူနှင့် ကွေကွင်းရခြင်းမှ ကင်းဝေးချင်ပါတယ်ခင်ဗျား ကဗျာလေးကလည်းကောင်း အောက်က အညွှန်းလေးကလည်းထိမိုက်တယ် ခံစားချက်တွေကော တိုက်ဆိုင်နေလား အစ်ကိုး)
February 1, 2009 2:28 PM
တိုက်ဆိုင်သပါ့
အဲ့ဇာတ်ကားကို မနေ့ကပဲကြည့်လိုက်တာ
ချစ်သူကိုဖွင့်ပြောရဲရမယ်
ယောက်ျားလေးသော်လည်းကောင်း
မိန်းကလေးသော်လည်းကောင်းပါ
ကိုယ့်အတွက်မနက်ဖြန်တွေဆိုတာ မသေချာသလို
မည်သူ့အတွက်မှလည်းမသေချာဘူးလေ
ဟီးးး
သည်းခံနော်
စိတ်ထဲပေါ်လာတာလေးနဲ့ အားပေးတာ
ကျေးဇူးတင်ပါတယ်ချင်း)
February 2, 2009 5:41 AM
ဇာတ်လမ်းကိုပုံဖော်ထားတဲ့ ကဗျာလေးကိုခံစား သွားပါတယ် ။
ယောကျားလေးတွေကို x ပေးထားတာပဲ
အဟီး2 ကိုယ်တိုင်တောင် ကြောက်နေပီးတော့များ
February 4, 2009 10:29 AM
မှန်တာပေါ့ကိုသတိုးရယ် မရှိတော့မှတမ်းတနေတာ အလကားပဲ ဟုတ်တယ်ဟုတ် အရမ်းကောင်းတဲ့ကဗျာ လေးပါ..
February 5, 2009 11:41 AM
မိုက်တယ် အဲဒီဇာတ်လမ်းလဲကြည့်ချင်တယ်။ ဘယ်မှာရှာရမလဲ
Post a Comment